ဒသာကို ဘယ်လိုဟောမလည်း? (dasha)
ဒသာကို ဘယ်လိုဟောမလည်း မပြောခင် မူလဇာတာမှာရှိတဲ့ ဂြိုဟ်တွေ အလုပ်လုပ်ပုံကို အရင်ပြောပြပါမယ် သေချာလေးဖတ်ရှုလေ့လာပေးကြပါနော် ဒသာဆိုတာနဲ့ နက္ခတ်ဗေဒင်ကို တွဲမြင်ကြမှာပါ ဝိသောတ္တရီဒသာကိုပြေးမြင်ကြမှာပေါ့ အယုစန်းဗေဒင်ဟောနည်းကို အလဲထိုးခဲ့တဲ့ကောင်လေ
မူလဖွားဇာတာမှာပါတဲ့ ဂြိုဟ်တွေဟာ အတိတ်ကံကိုပြပါတယ် ထိုအတိတ်ကံတွေ ဘယ်အချိန်မှာ ကောင်းကျိုး ပေးမလည်း ဆိုးကျိုးပေးမလည်းဆိုတာကို ကောဇာအဟောတို့ ဒသာအဟောတို့ နဲ့ ဟောနိုင်ပါတယ် မူလဖွားဇာတာမှာ ပါတဲ့ ဂြိုဟ်တွေဟာ သူ့အချိန်နဲ့ သူသာ အလုပ်လုပ်ပါတယ် ကျန်တဲ့ အချိန်မှာဆိုရင် သူတို့ဟာ မူလဖွားဇာတာထဲမှာ သူ့ပါသူအေးအေးလေး ရပ်တည်နေပါတယ်
ဥပမာ ဇာတာရှင်ကို သတ်မယ့် ဂြိုဟ်ဟာ မူလဖွားဇာတာမှာ ပါနေပေမယ့် ချက်ချင်းကြီး အကျိုးပေးမှာမဟုတ် ပါဖူး သူ့အချိန်ကျရင်တော့ ဇာတာရှင်ကို သေအောင်သတ်ပမယ် ကျိုးအောင်ပဲ့အောင်ကန်းအောင် အလဲထိုးပါ လိမ့်မယ် ကောင်းကျိုးပေးမယ့် ဂြိုဟ်ဟာလည်း သူအလှည့်မရောက်သေးရင် အကျိုးပေးဖို့စောင့်ဆိုင်းနေရပါ တယ် အဲဒီနေရာမှာ အလှည့်ကျော်လို့မရပါဘူး အတိတ်ဘဝကံကြမ္မာ အတိုင်း မူလဖွားဇာတာမှာရပ်တည်နေကြ တဲ့ဂြိုဟ်တွေဟာ တစ်ပြိုင်နက် အလုပ်လုပ်နေကြတာမဟုတ်ပါဖူး ဥပမာ ဘဝမှာ ဆေးရုံရောက်မယ့် ကံဇာတာ ပါတာကို မူလဖွားဇာတာမှာ တွေ့နိုင်ပေမယ့် ချက်ချင်း ဒီဗေဒင်လာမေးတဲ့ အချိန်မှာ ဆေးရုံရောက်မယ်လို့ သွား ဟောလို့မရပါဘူး ဒသာကို ကြည့်ရပါမယ် ပြီးတော့ ဆေးရုံတတ်ရမယ့် ဂြိုဟ်လှုပ်ရှားလာချိန် အကျိုးပေးလာချိန် ကို ဟောပေးရပါမယ် ဥပမာ တစ်နှစ်သား ကလေးဘဝအရွယ်မှာ အိမ်ထောင်ရေးဂြိုဟ်တွေ ဝပ်နေရသလိုပေါ့ တစ်နှစ်သားလေးနဲ့ အိမ်ထောင် ဘယ်လိုမှ မကျနိုင်ပါဘူး ဒါပေမယ့် တစ်နှစ်သား အရွယ်ထဲက အိမ်ထောင်ကျမယ် မကျဖူး လူပျိုကြီးဖြစ်မယ် အပျိုကြီးဖြစ်မယ် မဖြစ်ဖူး အိမ်ထောင်ဆက်များမယ် မများဖူး လို့ မူလဖွားဇာတာမှာ ပြနေပြီးသားပါ ရှင်းမယ်လို့ထင်ပါတယ် ပညာရေးနဲ့ပတ်သတ်တဲ့ ဂြိုဟ်တွေ ဘွဲ့ထူး ဂုဏ်ထူးကို ရစေတတ်တယ့် ဂြိုဟ်တွေဟာလည်း အသက် ၁၀နှစ် ကျော်မှ အလုပ်စလုပ်မယ်လို့ထင်ပါတယ် နိုင်ငံခြားမှာကတော့ အသက် ၁၃ နှစ် ၁၀ နှစ်နဲ့ အိမ်ထောင်ကျတာ အသက် ၁၀ ကျော်ကာစမှာတင် ဘွဲထူးတွေ ရတာ အသက် ၁၅ နှစ်မှာတင် တက္ကသိုလ်ပညာရေးပြီးသွားတာ ဂုဏ်ထူးဆောင် ဘွဲ့တွေ ရတာလည်း အများကြီးပါ ဒါတွေကို ကျတော့ ပုံမှန်ထက် စောပြီး ဖောက်ပြန်စွာ ဂြိုဟ်တွေက အလုပ်လုပ် ကာ ကောင်းကျိုးပေးသွားတယ် ဆိုးကျိုးပေးသွားတယ် လို့ယူဆရပါမယ် မွေးကထဲ ကဘုရင်ဖြစ်တာမျိုးတွေလည်း တူတူပါပဲ ရင်ခွင်ပိုက် ဘုရင်တွေလိုမျိုးပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ် ထောင်ကျတာမျိုး လည်းရှိနိုင်ပါတယ် ပုံမှန်ထက်နောက်ကျတာလည်းရှိနိုင်ပါတယ် အတိတ်ကံ အလိုအတိုင်းပဲပေါ့ လူတွေက ကံကြိုတင် သတ်မှတ်ချက် နဲ့ လူဖြစ်နေရတာပါ သေသေချာချာ စဉ်းစားကြပါ တစ်ကယ်တမ်း ကံက အားကြီးလာရင် အတွေးအကြံတွေလည်း အလိုလို မှား အမြင်လည်းမှားတတ်ပါတယ် မကောင်းတာလုပ်တာကို ကောင်းတယ်ထင် နေသလိုမျိုး ပေါ့ ကံကအားကြီးလာရင် လူတွေမှာ ရွေးချယ်ခွင့်လည်း ရှိကိုမရှိတော့တာပါ ပစ္စုပ္ပာန် အတိတ် အနာဂတ်တွေကို ဥာဏ်ကစားကြည့်ကြပါ ဒသာဟာလည်း ကံတရားအလိုတိုင်း ပြပေးပါတယ် ဒသာတွေ ဟာလည်းကံတရားကို မကျော်လွှားနိုင်ပဲ ဖြစ်ပျက် ပေးရပါတယ်…
ဒသာဟောမယ်ဆိုရင် ဟောမယ့် ဒသာကိုကြည့်ပါ မိမိဟောမယ့် မဟာဒသာဟာ ဘယ်ဘာဝသခင် လည်း ဘယ်ဘာဝကို ကိုယ်စားပြုလည်းကြည့်ကိုကြည့်ရပါမယ် ဘာဝနှစ်ခုကို ပိုင်တယ်ဆိုင်တယ်ဆိုရင်လည်း နှစ်ခုစလုံးကို ကြည့်ရပါမယ် သေချာမှတ်ထားဖို့က မဟာဒသာကြီးကို အရင်ကြည့် ပြီးရင် အန္တ ရဒသာကိုကြည့် ပြီးတော့မှ လပိုင်းနဲ့ ဟောချင်တယ်သပဆိုရင် ပြအန္တရဒသာကိုပါ ထပ်ကြည့်လို့ရပါတယ် အဓိကကတော့ မဟာထူလဒသာ နဲ့ အန္တဒသာပါပဲဗျာ မဟာထူလဒသာကြီးက အချုပ် သူ့အောက်ကအန္တ ဒသာတွေက ဆင့်ပွားတွေ ပေါ့ တစ်နှစ်စာ ကောင်းကောင်းဟောလို့ရပါတယ် မိမိမူလဖွားဇာတာမှာ စားနေတဲ့ ဒသာဟာ ဘယ်ဘာဝသခင်လည်း မာရဏ ဗျာယ အာရီ သခင်တွေလား လာဘ ပုတြ သုဘ လဂ်သခင်တွေလား အားကောင်းလား အားရှိလား နိစ် ပြ ရန် မာရက လွတ်ရဲ့ လား ဥုစ် ကသစ် မိတ် ယောဂကာရက တြိဂုဏ်း ဝဂုတ္တမနဝင်း ရလား ဘယ်ဘာဝမှာသွားရပ်နေကြလည်း ဘယ်ဂြိုဟ်မြင်လည်း ကြည့်ပြီးရင် ကောင်းဆိုး ဟောလို့ရပါပြီ အားကို အရင်စစ် ဘယ်အတန့်ဘာဝ လည်းဆိုတာစစ် ဘယ်အတန့်ဘာဝတွေ နဲ့ ပတ်သတ်နေသလည်းဆိုတာကိုပါစစ် ပြီးတော့ မှ ကောင်းဆိုးဟောပါ ဒါဟာ အလိမ်အညာမပါတဲ့ ဟောကွက် အရှင်ထုတ်နည်းတွေပါ ဗေဒင်ကျမ်းတွေ ထဲက ပုံသေဒသာ ဟောကွက်တွေ နဲ့ တော့ တူမှာမဟုတ်ပါဘူး
ဥပမာ မိဿလဂ် ရဲ့  သောကြာမဟာဒသာကို ကြည့်ကြမယ်ဗျာ မိဿလဂ်အတွက် သောကြာဂြိုဟ်က မာရက ကိုယ်တိုင်သတ်တတ်တယ် လူကိုမကျန်းမာစေပေမယ့် စီးပွားရေး ပစ္စည်းဥစ္စာကံကောင်းတတ်တယ် ပတနီအိမ်ရှင် ဖြစ်လို့ အိမ်ထောင်မကျသေးတဲ့ လူလွတ်ဆိုရင် အိမ်ထောင်ကျတတ်တယ် အိမ်ထောင်ကျပြီးသားဆိုရင် ဇာတ်လမ်းများတတ်တယ် သောကြာမဟာဒသာအောက်မှာ အာရီသခင် ၄ဟူးအန္တ ရဒသာစားရင် အာရီဘာဝအဟောအတိုင်း အမှုအခင်း ကျန်းမာရေး ရန်သူတွေ ကြွေးမြီတွေကို ဟောရမယ် ပတနီမဟာဒသာအောက်က အာရီသခင် အန္တရမို့ ဇနီးမယားနဲ့ ပတ်သတ်ပြီး အမှုအခင်း ကျန်းမာရေး ရန်များတတ်တာ ကြွေးမြီကိစ္စတွေ ဇယားရှုပ်တတ်တာမျိုးတွေ ဖြစ်တတ်တယ်ပေါ့နော် သောကြာမဟာဒသာ အောက်မှာပဲ ၄တန့် ဗန္ဓု ဘာဝသခင် အန္တရဒသာစားမယ်ဆိုရင် ဇနီးမယားနဲ့ ပတ်သတ်ပြီး ယာဉ်ကား အိုးအိမ် မိတ်ဆွေ ယောက္ခမ တို့တွေက ကောင်းကျိုးပေးမယ်ပေါ့ဗျာ မဟာဒသာက ပတနီ အိမ်ရှင်စားနေတာမို့ မိန်းမ အိမ်ထောင်ဖက် နဲ့ အဟောတွေ မလွတ်တာ မြင်ကြမှာပါ အန္တရအဟောတွေကို ချိတ်ဆက်ပြီး ဟောသွားတာလည်း မြင်ကြမှာပါ သောကြာဒသာ အောက်က ကမ္မဘာဝသခင်အန္တရဒသာ ဆိုရင် ဇနီးမယာအလုပ်အကိုင် ကောင်းမယ် ဇနီးမယားနဲ့ပူးပေါင်းပြီး မောင်တစ်ထမ်းမယ်တစ်ရွက် အလုပ်လုပ်တာမှာ အောင်မြင်မယ် လုပ်ငန်းကိုင်ငန်းကောင်း မယ် သောကြာဒသာမှာပဲ ၁၁ တန့်ဘာဝသခင် အန္တရဒသာဆိုရင် အမြတ်အစွန်းတွေ များလာပါမယ် ကောင်းတယ်ပေါ့ အားရှိအားမဲ့ ကို အရင်စစ်ပါ မဟာဒသာရော အန္တရဒသာကိုရော စစ်ပါ ဘယ် ဘာဝသခင်တွေ ဆိုတာကိုလည်းကြည့်ပြီး ဟောပြောကြပါနော် အခု ဟောပြထားတာက အကြမ်းစားပါ ဥာဏ်ပညာကို ချဲ့ ထွင်းနိုင်ကြပါစေ ဂြိုဟ်မြင်တွေကိုလည်း စစ်ဖို့ မမေ့ပါနဲ့ မကောင်းတဲ့ ဂြိုဟ်မြင်တွေရှိနေရင် ဒသာကုန်ဆုံးခါနီးမှ ခွေးကျကျတတ်တယ်….
မဟာဒသာ ဟာ အချုပ်ဖြစ်ပါတယ် အဟောအတွက် မသုံးပါဖူး ဘာကိုဟောရမယ်ဆိုတာ ကြည့်ရတဲ့ အချုပ်ပါ နှစ် ကာလများစွာ ကြာရှည်တတ်ပါတယ် သူ့အောက်မှ အန္တရ ဒသာများစွာစားမှာပါ
အန္တရဒသာ တစ်နှစ်စာအဟောများအတွက် ( သူ့အောက်မှာ ပြအန္တရ ဒသာများစွာစားမှာပါ သူဟာ ပြအန္တရအတွက် အချုပ်လည်းဖြစ်တယ့်အပြင် သူ့ကို လည်း အဟောထုတ်ကို ထုတ်ပေးဖို့လိုပါတယ် ထုတ်ပေးရပါမယ် )
ပြအန္တရဒသာ လပိုင်းအဟောများအတွက် အဟောမထုတ်လည်းရပါသည်
ကောင်းတဲ့ ဒသာကြီးမြန်မြန်စားပါစေ အခုစားပါစေဆိုပြီး လုပ်လို့မရဘူး မကောင်းတဲ့ ဂြိုဟ်ကြီး ဒသာစားနေရာကနေ မြန်မြန်လွတ်ပါစေ မြန်မြန်ကုန်ပါစေ လုပ်လို့မရဘူး ဟိုဒသာလေး အရင်လာပါ ဒီဒသာလေး နောက်ဘဝမှ လာစားပါစေလည်း လုပ်လို့မရပါဘူးဗျာ
ယာပိုလို
